Wednesday 11 February 2015

တရားစခန်းဝင် ယောဂီများ လိုက်နာရမည့် စည်းကမ်းချက်များ


·         တရားစခန်းဝင် ယောဂီများအားလုံးတို့သည် ထုတ်ပေးထားသော ရင်ထိုးတံဆိပ်များကို မြင်သာအောင် အမြဲ တပ်ဆင် ထားရပါမည်။
·         အဓိဋ္ဌာန်စခန်းအတွင် သတ်မှတ်ထားသည့် ရက်ပြည့်၊ အကြိမ်ပြည့်၊ နာရီပြည့် တရားထိုင်ရမည်။ အိပ်ယာထချိန်၊ စားသောက်ချိန်၊ အနားယူချိန်များကို သတ်မှတ်ထားသည့် အချိန်စာရင်းအတိုင်း တိကျစွာ လိုက်နာရမည်။ မိမိသဘောဖြင့်မိမိ အနားမယူရပါ။
·         တရားနာချိန်၊ တရားထိုင်ချိန် မတိုင်မှီ ၅ မိနစ်စော၍ မိမိ၏နေရာတွင် ကြိုတင်ရောက်ရှိနေပြီး ဖြစ်ရပါမည်။ မိမိသဘောဖြင့်နေရာပြောင်း၍ ထိုင်ခြင်းမပြုရပါ။ အဆင်မပြေပါက တရားပြဆရာများ/ကော်မတီအဖွဲ့အား အကူအညီတောင်းခံနိုင်ပါသည်။
·         Handphone၊ ရေဒီယို၊ အသံမြည်နာရီ စသည်တို့ကို တရားနာ၊ တရားကျင့်၊ ဆွမ်းစားချိန် များတွင် ပိတ်ကာ သိမ်းထားရမည်။ ညအိပ်ချိန် (၁၁ နာရီ) နောက်ပိုင်းတွင် ဖုန်းပြောခြင်း၊ ဖုန်းသုံးခြင်း လုံးဝ မပြုရပါ။
·         ယောဂီတိုင်း တရားကျင့်နိုင် (ထိုင်နိုင်)သော ကျန်းမာရေးနှင့်  ပြည့်စုံရမည်။ ကျန်းမာရေးအရ အနားယူသင့်ပါက ဆရာဝန် ထောက်ခံချက်ဖြင့်သာအနားယူခွင့်ရှိသည်။
·         စခန်းပွဲ ကျင်းပသည့် ကျောင်းဝင်းပြင်ပသို့ လုံးဝထွက်ခွင့်မပြုပါ။ ကျောင်းဝင်းအတွင်း မိမိနှင့် မသက်ဆိုင်သော နေရာများ၊ ပစ္စည်းများကို သွားလာခြင်း၊ ကိုင်တွယ်ခြင်း မပြုရပါ။
·         ဆွမ်းစားဆောင် နှင့် နားနေဆောင်များတွင် တရားဓမ္မနှင့်မလျော်ညီသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ မပြုလုပ်မိစေရန် အထူးသတိထားရပါမည်။
·         ယောဂီအချင်းချင်း စိတ်ဓါတ်ကျစေမည့်၊ စိတ်အနှောင့်အယှက်ဖြစ်စေမည့်စကားများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လောင်းကစား နှင့် လောကီရေးရာများ ပြောဆိုခြင်း မပြုလုပ်ရပါ။
·         တန်ဖိုးရှိသော လက်ဝတ်ရတနာများ၊ ငွေကြေးများ ယူဆောင်လာခြင်း မပြုရပါ။ ပျောက်ရှပါက စခန်းမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။
·         အဓိဋ္ဌာန်စခန်းအတွင်း ယောဂီအသွင်အဝတ်အစားများသာ ဝတ်ဆင်ပေးပါရန် မေတ္တာရပ်ခံပါသည်။ အဂါရ၀ ဖြစ်စေသော လည်ဟိုက်၊ ကိုယ်ကျပ်၊ လက်ပြတ် များ (အမျိုးသမီး) နှင့် ဘောင်းဘီတို (အမျိုးသား) များ မ၀တ်ရပါ။
·         စခန်းကျင်းပသည့် နေရာအခက်အခဲကြောင်း စခန်းဝင်ချိန်အတွင်း အ၀တ်လျော်ခြင်း အ၀တ်လှန်းခြင်းများကို လုံးဝခွင့် မပြုပါ။
·         စခန်းဝင်ယောဂီများ မိမိတို့ လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူ၊ မှာယူ လိုပါက ကော်မတီ / ဝေယျာဝစ္စအဖွဲ့ အား အကူအညီ တောင်းခံနိုင်ပါသည်။

·         စခန်းအတွင်း အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းချက်များကိုလည်း လိုက်နာနိုင်ရပါမည်။

No comments:

Post a Comment